
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး ဦးဆောင်မှုဖြင့် ဝန်ထမ်းများက (၅.၆.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်၌ အမှတ်(၁၃)ရက်ကွက်ရှိ မြင်းခြံခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MDCCI) အသင်းသို့ သွားရောက်ကွင်းဆင်းခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးကျော်ရှိန် ဒု-ဥက္ကဌက ကုန်စည်ဒိုင်၏ စည်းမျဉ်းစည်းကမ်းများအကြောင်း၊ အသင်းသားများအနေဖြင့် သီးနှံများအရောင်းအဝယ်ပြုရာတွင် အသင်း၏ စည်းကမ်းများအတိုင်း အရောင်းအဝယ်ပြုလုပ်ကြကြောင်း၊ ပဲစဉ်းငုံ၊ ကုလားပဲ V2၊ V7၊ 929၊ နှမ်း၊ ပြောင်းနှင့် ကြက်သွန်နီသီးနှံများကို အဓိကရောင်းအဝယ်ပြုလုပ်ကြောင်း စသည့်အခြေအနေများဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ကုန်စည်ဒိုင်အတွင်းရှိ ငွေခြင်္သေ့ပွဲရုံနှင့် နဝရတ်ပွဲရုံများသို့ ကွင်းဆင်းပြီး လယ်ယာထွက်ကုန်သီးနှံများ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ နေ့စဉ်အိတ်အရောင်းအဝယ်ဖြစ်မှုအခြေအနေ၊ တင်ပို့မှုနှင့် အိတ်လက်ကျန်အခြေအနေများအား မေးမြန်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)