
၆.၆.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မော်လမြိုင်မြို့နယ်၊ ကော့နှက်ကျေးရွာ မှ မြေပဲဆီစက်လုပ်ငန်းရှင် ဦးကျော်ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မော်လမြိုင်မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား မြေပဲဆီကြိတ်ခွဲထုတ်လုပ်မှုအခြေအနေအား မေးမြန်းခဲ့ရာ မြေပဲဆီ တစ်လလျှင် (၁၀၀၀) ပိဿာထုတ်လုပ်ကြောင်း၊ တစ်နှစ်လျှင် မတ်၊ ဧပြီ၊ မေ (၃) လသာလည်ပတ်ကြောင်း၊ မြေပဲဆီ တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်ဖြင့် မွန်ပြည်နယ်အတွင်း ရောင်းချကြောင်း ဆွေးနွေးခဲ့ပါသည်။
DOCA (မွန်)