
စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူများ ဘေအန္တရာယ်ကင်းသော စားသောက်ကုန်များ အသုံးပြုနိုင်စေ ရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများကို အပါတ်စဉ် စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး လိုအပ်ပါက အထက်ဌာန၏ ညွှန်းကြားချက်အရ ကုန်စည်များကို ဈေးကွက်အတွင်း ထောက်ခံချက်မပါသောကုန်စည်၊ ကုန်အညွှန်းမပြည့်စုံသော ကုန်စည်များ ရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးခြင်း တွေ့ရှိပါက ပူးပေါင်း စစ်ဆေးရေးမိတ်ဖက်ဌာနများနှင့်အတူ အရေးယူဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ကွင်းဆင်းစစ်ဆေးရာ ၊ ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် ပန်းတနော်မြို့နယ် အချိုရေအမျိုးမျိုးရောင်းချသော ဈေးကွက်အတွင်း တရားမဝင်ကုန်စည်များရောင်းချမှု ရှိ/မရှိကို (၅-၆-၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)က စစ်ဆေးခဲ့ကြပြီး ပန်းတနော်မြို့နယ်အတွင်း အချိုရေအမျိုးမျိုးရောင်းချနေသော ဆိုင်(၆)ဆိုင်အား ဈေးကွက်အတွင်း ကာဗွန်နိတ်အချိုရည်၊နို့ထွက်ပစ္စည်းအချိုရည်များ၊ အားဖြည့်အချိုရည်များ၊ သောက်ရေသန့် များ အမှတ်တံဆိပ် Sprite အချိုရည် များကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြသည်။
မအူပင်မြို့နယ်အတွင်း ရောင်းချနေသော Sprite အချိုရည် ဗူးများမှာ ပလပ်စတစ်အဖြူရောင်ဗူးဖြင့် ထုတ်လုပ်ရောင်းချခြင်းမျိုးတွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသားပါဝင်ခြင်း၊ သက်ဆိုင်ရာထောက်ခံချက်ခွင့်ပြု ချက်များပါ ဝင်ကြောင်း တွေ့ရှိရပြီး အချို့သောဆိုင်များတွင် ဈေးကွက်အတွင်း ကုန်အညွှန်းမပါဝင်သော ထောက်ခံချက်၊ ခွင့်ပြုချက် မပါရှိသော Sprite အချိုရည် အစိမ်းရောင်းဖြင့် ထုတ်လုပ်ရောင်းချနေမှုများကို တွေ့ရှိရ၍ တွေ့ရှိသော ဆိုင်ရှင်များကို စားသုံးသူများ ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန် ဈေးကွက်အတွင်းရောင်းချခြင်း မပြုရန်နှင့် တွေ့ရှိဗူးများကို ဌာနဆိုင်ရာများရှေ့တွင် သိမ်းဆည်းခြင်း နှင့် ဝန်ခံကတိပြုလက်မှတ် မှတ်တမ်းရေးသွင်း၍ ပထမအကြိမ် အသိပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)