
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ချောင်းကြီးကျေးရွာ ၌ ကုန်မျိုးစုံလုပ်ငန်းရှင်များကို ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်း စပ်လျဉ်း၍ (၅-၆-၂၀၂၅)ရက်နေ့ နံနက် ၁၀ နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် တာဝန်ခံ ဦးအောင်လွင်ဦးဆောင်၍ ကုန်မျိုးစုံ၊ မုန့်မျိုးစုံလုပ်ငန်းလုပ်ကိုင်သော လုပ်ငန်းရှင် ၁၂ဦးအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မုန်မျိုးစုံ လုပ်ငန်းရှင် များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်း၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်စည် အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ကိုဆွေးနွေးခြင်း၊ ရောင်းချသော ကုန်မျိုးစုံများတွင် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရေး၊ ကုန်အညွှန်းအမှတ် အသားပြည်စုံစွာဖော်ပြပါဝင်သောကုန်စည်နှင့် သက်ဆိုင်ရာဌာနဆို့’ ခွင့်ပြုချက်ပါဝင်သော ကုန်စည်များ ကိုသာ ရောင်းချရန်၊ သက်တမ်းလွန်ကုန်စည်များကို ရောင်းချခြင်းမပြုရန်ကို ဆွေးနွေးခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးတို့ကို သိရှိလိုက်နာစေရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)