စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ အပတ်စဉ်ရုံး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

Powered by Drupal

      (၉.၆.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူးရုံးခန်း၌ အပတ်စဥ်ရုံးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဦးစီးမှူးက ဝန်ထမ်းများအနေဖြင့် လုံခြုံရေးသတိ၊ လုံခြုံရေးအသိဖြင့် သွားလာကြရန်၊ အပတ်စဉ်ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တနင်္လာနေ့တိုင်း ပြုလုပ်ရန်၊ ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များကိုအပြီး ဆောင်ရွက်ကြရန်၊ သတင်းရေးသားခြင်းကို လျာထားချက်အတိုင်း ပြည့်မီအောင်ဆောင်ရွက်ရန်၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းကိစ္စရပ်များကို မြို့နယ်တာဝန်ခံများမှ လစဉ်တင်ပြပေးရန်၊ စားသုံးသူကာကွယ်ရေးဥပဒေကို ထိရောက်စွာအကောင်ထည်ဖော်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

     ထို့နောက် ဌာနခွဲတာဝန်ခံများမှ ဌာနခွဲအလိုက်လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြ‌ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA (မွန်)