
စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် (၄.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မှော်ဘီမြို့နယ်ရှိ ကြက်ဥ အရောင်းဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၂၃၃)၊ ပြည်လမ်း၊ သန္ဓေပင်ကျေးရွာ၊ မှော်ဘီမြို့နယ်ရှိ ဆင်ဖြူတော်ကြက်ဥအရောင်းဆိုင်ပိုင်ရှင် ဉီးသိန်းထွဋ်ဉီးက မိမိခြံမှထွက်ရှိသော ဥစားကြက်ဥများအား ရန်ကုန်မြို့တွင်းလက်လီ/လက်ကားအနေဖြင့် တစ်နေ့လျှင် ကြက်ဥအလုံးရေ (၁)သိန်းခန့်အား ဖြန့်ဖြူးလျက်ရှိပြီး ကြက်ဥတစ်လုံးလျှင် (၃၆၀)ကျပ်နှုန်းဖြင့် ပို့ဆောင်ပေးပါကြောင်း ဈေးနှုန်းမြှင့် တင်ရောင်းချမှု မရှိပါကြောင်း ကွင်းဆင်းချက်အရ သိရှိရပါသည်။
DOCA(ရန်ကုန်)