ပြုံးပန်းတစ်ရာဘိလပ်မြေအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   (၅.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီမှစ၍ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၏ ဉီးဆောင်မှုဖြင့် ပြုံးပန်းတစ်ရာဘိလပ်မြေအရောင်းဆိုင်သို့ ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဉီးနိုင်လင်းသိန်း(ဒုတိယဉီးစီးမှူး)၊ မြို့နယ်စည်ပင်သာယာရေးမှ ဦးရဲဝင်းစိုး(ဒုတိယအုပ်ချုပ်ရေးမှူး)၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်လင်းအောင်ပါ(၃)ဉီး၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ ဦးသန်းလှိုင် (ဒုတိယဦးစီးမှူး)၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်လဲ့လဲ့စိုး (ဒုတိယဉီးစီးမှူး)တို့ ပူးပေါင်းပါဝင်လျက် ပြုံးပန်းတစ်ရာဘိလပ်မြေအရောင်းဆိုင်တွင် SCG, Crown, အပါချီဘိလပ်မြေများကို ဝယ်ယူဈေးထက် သယ်ယူပို့ဆောင်ခပါပေါင်း၍ သင့်တင့်သောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချပါကြောင်း၊ ပစ္စည်းအဝင်လည်းနည်းပါကြောင်း၊ ပစ္စည်းရှိလျှင် ဝယ်ယူသူအားလုံးကို ရောင်းချပေးနေပါကြောင်း သိရှိရပြီး မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်ရေးအဖွဲ့အနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)