စားသုံးဆီအမျိုးမျိုးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    (၆.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံး မှ ဝန်ထမ်း(၂)ဉီးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မှော်ဘီမြို့နယ် မြို့မဈေး အတွင်းရှိ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်းရှိ ရောင်းချလျက်ရှိသော အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး မည်သည့်ကုန်ပစ္စည်းမဆို ကုန်အညွှန်းအမှတ်အသားမပြည့်စုံသည့် ကုန်စည်များအား ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)