တိုက်ကြီးမြို့နယ်ရှိ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဉီးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်ပါ(၂)ဉီးတို့သည် (၆.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် တိုက်ကြီးမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုး စုံဆိုင်တွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ တိုက်ကြီးမြို့နယ်၊ မြို့မဈေးတာဝန်ခံမှ ပူးပေါင်းပါဝင်လျက် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်ပစ္စည်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိရပြီး FDA ထောက်ခံချက်များလည်းပါရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)