“ကော့မှူးမြို့နယ်တွင်စားသုံးဆီအမျိုးမျိုးတွင်ကုန်အညွှန်းအမှတ်အသားရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်မရောက်မီ စားသုံးဆီအမျိုးမျိုးဗူးဆီများတွင်    ကုန်အညွှန်း အမှတ်အသားရှိ/မရှိအား ဇွန်လ (၉)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချနေသော စားသုံးဆီဗူးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိနှင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေ ဖော်ပြရမည့်အချက်များ ပါဝင်မှု ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားများ မပါရှိသည့် စားသုံးဆီများအား ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ရောင်းချခြင်းများ ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)