“ကော့မှူးမြို့နယ်ရှိဆေးဆိုင်များတွင်ဖြန့်ဖြူးရောင်းချလျက်ရှိသောဆေးဝါးများ၏ ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေအား  ဇွန်လ(၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီ အချိန်တွင် ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆေးဆိုင်များသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် စားသုံးသူပြည်သူများ အသုံးများသော ဆေးဝါးများအနေဖြင့် ယခင်လဈေးနှုန်း အခြေအနေ အတက်အကျ ဈေးနှုန်းတို့အား စာရင်းကောက်ယူကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆေးဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား သက်တမ်း ကုန်လွန်သော ဆေးဝါးများ၊ ဆရာဝန်ညွှန်ကြားမှုမရှိသည့်စပ်ဆေးများ၊ စံမညီဆေးဝါးများအား ဝယ်ယူဖြန့်ဖြူး ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် လစဉ်လတိုင်း ဌာနဆိုင်ရာ တာဝန်ရှိသူများ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးသွားမည် ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)