စားအုန်းဆီလက်လီအရောင်းဆိုင်များအား သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ခရိုင်ဉီးစီးမှူး ဉီးအောင်တင်စိုးနှင့် ဝန်ထမ်းများသည် အင်းစိန်စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဉီးစီးဌာနမှ စုံစမ်းရေးမှူး ဉီးအောင်စိုးမိုးတို့နှင့်အတူ အင်းစိန်ဈေးအတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ (၆.၆.၂၀၂၅) ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဉီးစိန်မြင့် ကုန်စုံဆိုင်တွင် ရောင်းချနေသော စားအုန်းဆီမှာ ရရှိသောခွဲတမ်းများကို စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် တစ်လကို(၂)ပိဿာရရှိကြပြီး ရပ်ကွက်အလိုက်စနစ်တကျ ရောင်းပေးပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိဘဲ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးပြီး လက်ကျန်လည်း မထားရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)