စားအုန်းဆီလက်လီဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    (၆.၆.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၀၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးမှ ဒုခရိုင်ဉီးစီးမှူး ဉီးမျိုးအေး၊ အထူးစုံစမ်းစစ်ဆေးရေးဉီးစီးဌာနမှ စုံစမ်းရေးမှူး ဉီးအောင်စိုးမိုးနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဉီးထွန်းဇော်သောင်းတို့ ပူးပေါင်းပါဝင်လျက် မှော်ဘီမြို့နယ်ရှိ လက်လီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် လက်လီကိုယ်စားလှယ် မခိုင်မှ မိမိရရှိသောခွဲတမ်းများသည် GD Good Golden Trading Co.,Ltd မှ ရရှိပြီး ပြည်သူများသို့ နေ့စဉ်ပုံမှန်ရပ်ကွက်အလိုက် စာအုပ်စနစ်ဖြင့် ရောင်းချပေးပါကြောင်း၊ အများမြင်သာအောင် Vinyl ဖြင့် ချိတ်ဆွဲထားပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့်အမိန့် ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချပေးရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)