
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးနေသောစားအုန်းဆီများကို မြိတ်ခရိုင်ဆီကိုယ်စားလှယ်မှဝယ်ယူ၍ မြိတ်ခရိုင်ရှိ လက်လီအရောင်းဆိုင် များသို့ ဖြန့်ဝေရောင်းချပေးလျက်ရှိရာ (၂.၆.၂၀၂၅) ရက်နေ့မှ (၆.၆.၂၀၂၅) ရက်နေ့ထိ ထုတ်ယူခဲ့သော Yadanarbon Global Network Distribution ကုမ္ပဏီမှ ယာဉ်အမှတ် 6A-8314ဖြင့်တင်ဆောင် လာသော စားအုန်းဆီပေပါ (၄၇)ပေပါနှင့် Global Good Pure Group ကုမ္ပဏီမှ ယာဉ်အမှတ် 2J-4733ဖြင့် တင်ဆောင်လာသောစားအုန်းဆီ ပေပါ (၇၂)၊ စုစုပေါင်းပေပါ(၁၁၉)သည် (၁၁.၆.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
၎င်းစားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)