ဇလွန်မြို့နယ် ညောင်ပင်ဈေးရပ်ကွက်၊ ရန်ကုန်-ဇလွန်လမ်းကြီးနှင့် မန်းဘခိုင်လမ်းရှိ သောက်ရေသန့်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်း သည် ၂၀၂၅ ခုနှစ် ဇွန်လ ၉ ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ညောင်ပင်ဈေးရပ်ကွက်၊ ရန်ကုန် -ဇလွန်လမ်းမကြီးနှင့် မန်းဘခိုင်လမ်းရှိ သောက်ရေသန့်လုပ်ငန်းများသို့သွားရောက်၍ ဈေး ကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်မှ စစ်ဆေးရေးအရာရှိ ဦးသန့်ဇင်ဦးနှင့်ဝန်ထမ်းသည် ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဈေးကွက်မရောက်မီကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မြို့ပေါ်ရပ်ကွက်ရှိ သောက်ရေသန့်လုပ်ငန်းများ၌ ထုတ်လုပ်ဖြန့် ဖြူးလျက်ရှိသည့် သောက်ရေသန့်ဗူးများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေတွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် ကုန်စည်၏တံဆိပ်အမှတ် အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ် စသည်တို့ကို ပြည့်စုံ မှန်ကန်စွာဖော်ပြရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနထောက်ခံချက်များကိုလည်း ပြည့်စုံစွာဖော် ပြရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်း၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)