ပန်းတောင်းမြို့နယ် ကြိုးကြာအုပ်စုနှင့် လှည်းကူးအုပ်စုတို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း တိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်တာဝန်ပေးအပ်မှုအရ ပန်းတောင်း မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် (၁၈.၇.၂၀၂၂) ရက်နေ့ ၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကြိုးကြာအုပ်စု ၊ ကြိုးကြာကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ကျေးလက်နေ ပြည်သူ(၈၂)ဦး တို့အား လည်းကောင်း၊ နေလည်ပိုင်း (၁၃:၀၀)နာရီအချိန်တွင် လှည်းကူးအုပ်စု ၊ လှည်းကူးကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျေလက်နေပြည်သူ (၅၂)ဦးတို့အား လည်းကောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းတိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

           ထိုဆွေးနွေးပွဲသို့ မိတ်ဖက်ဌာနဆိုင်ရာ များနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန ပန်းတောင်း မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ တက်ရောက်ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ ၂၀၁၉ ဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးများအကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကုန်အညွှန်း အမှတ်အသားများအကြောင်း ဆွေးနွေးဟောပြောသလို၊ ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်း များအတွက် ဒေသတွင်း စားသုံးဆီဖူလှုံမှုရရှိစေရေး ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ နှမ်းနှင့် မြေပဲသီးနှံများအား သီးထပ်သီးညှပ် စိုက်ပျိုးကြရန်၊ တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးရန် တွန်းအားပေး ကွင်းဆင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)