ဘီးလင်းမြို့နယ်တာဝန်ခံ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၂.၇.၂၀၂၂ ရက်နေ့တွင် ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်နှင့် ရွှေလှေကျေးရွာတို့ရှိ ဆီစက်ပိုင်ရှင် (၃) ဦးနှင့် တွေ့ဆုံ၍ ဒေသတွင်း၌ စိုက်ပျိုးထွက်ရှိလာမည့် ဆီထွက်သီးနှံကြိတ်ခွဲနိုင်မှုအခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

              ထိုသို့ ဆွေးနွေးရာတွင် ဘီးလင်းမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးထွက်ရှိသော ဆီထွက်သီးနှံများအား လုံလောက်စွာ  ကြိတ်ခွဲနိုင်မှု ရှိ/မရှိ၊ တစ်ရက်လျှင် ကြိတ်ခွဲနိုင်မှု ပိဿာချိန်၊ ကုန်ကြမ်းဈေးနှုန်းနှင့် ကုန်ချောဈေးနှုန်း တွက်ချေကိုက်မှု ရှိ/မရှိတို့အား မေးမြန်းဆွေးနွေးခဲ့ပြီး မြေပဲဆံများတွင် ဖြစ်ပွားတတ်သော မှိုရောဂါများအား ဖြစ်ပွားမှု မရှိစေရန်  ဂရုစိုက်ဖို့လိုအပ်ကြောင်း၊ ဆီအရည်အသွေးထိန်းသိမ်းရန် လိုအပ်ကြောင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)