ချောင်းဆုံမြို့နယ်၌ "စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show" ကျင်းပပြုလုပ်

Powered by Drupal

       ၁၂.၆.၂ဝ၂၅ ရက်နေ့၊ နံနက် (၁၁:ဝဝ) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးနှင့် အကြီးတန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေတို့သည် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ "စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show" ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

       ပထမဦးစွာ ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိသူဇာက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေက စားသုံးသူကာကွယ်ရေးဥပဒေ ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို ရှင်းလင်းခြင်း၊ စားသုံးသူအခွင့် အ‌ရေးအပြည့် အဝရရှိစေရန် ဤဥပဒေကိုပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကြောင်းကို ရှင်းလင်းခြင်း၊ စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူအခွင့်အရေး (၈)ချက်ကိုရှင်းလင်းခြင်း၊ စားသုံးသူလိုက်နာ ရမည့် တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုရှိလာပါက တိုင်းကြားနိုင်သည့်နည်းလမ်းများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)