
မြင်းခြံမြို့နယ်တွင်သည် အပူပိုင်းဒေသဖြစ်ပြီး ဆည်ရေသောက်အသင့်အတင့် ရှိ၍ ဟင်းသီးဟင်းရွက် မျိုးစုံစိုက်ပျိုးလျက်ရှိရာ ဒေသတွင်းစားသုံးရန်အတွက် မုန်ညင်းထုပ်(ခေါ်) မုန်ညင်းဖြူကို(ဆောင်း) သီးနှံတစ်ရာသီသာ စိုက်ပျိုးကြောင်း၊ အေးသောရာသီဥတုကို ကြိုက်နှစ် သက်၍ ပုံသဏ္ဍာန်အားဖြင့် မုန်ညင်းထုပ်အရှည်မျိုးနှင့် မုန်ညင်းထုပ်အပုမျိုးဟူ၍ နှစ်မျိုးရှိကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လတတိယပတ်တွင် မြင်းခြံမြို့၊ အေးမြသီတာဈေးအတွင်း ရောင်းချနေ သော မုန်ညင်းထုတ် ၂၅ ကျပ်သားလျှင် (၈၀၀-၁၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၃၀၀-၁၈၀၀) ကျပ်၊ တစ်ပိဿာလျှင် (၂၅၀၀-၃၅၀၀)ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မေလ တတိယပတ်တွင် မုန်ညင်းထုပ်၂၅ ကျပ်သားလျှင် (၆၀၀-၈၀၀) ကျပ်၊ ၅၀ ကျပ်သားလျှင် (၁၀၀၀-၁၃၀၀) ကျပ်၊ တစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀) ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရှိရသည်။ ကာလတူနှိုင်းယှဉ်ပါက ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် မုန်ညင်းဖြူ ၂၅ ကျပ်သားလျှင် (၂၀၀) ကျပ်၊ ၅၀ ကျပ်သားလျှင် (၃၀၀-၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၅၀၀-၁၀၀၀) ကျပ်ခန့်ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ ထိုသို့မြင့်တက်ခဲ့ခြင်းမှာ ဒေသထွက် မုန်ညင်းထုပ်များ ထွက်ပေါ်သောရာသီချိန် ကုန်ဆုံးပြီဖြစ်သောကြောင့် ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ လိုအပ်သော မုန်ညင်းထုတ်များကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် မန္တလေးမြို့ရှိ ကုန်စိမ်းပွဲရုံများမှတင်သွင်း၍ ဒေသတွင်းရောင်းချကြောင်း၊ သုံးစွဲမှုအနေဖြင့် စားသောက်ဆိုင်၊ ပင်လယ်စာဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့်အသုပ်စုံဆိုင်များမှ အများဆုံးဝယ်ယူသုံးစွဲကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)