မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအသိပညာပေးဟောပြောခြင်းနင့် အလှကုန်စစ်ဆေးခြင်း

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း များသည် (၂၆.၇.၂၀၂၂)ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်မြို့၊ ကြောင်ငယ်ရပ်၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရယ်ကင်းရှင်းစွာ‌ ရွေးချယ်ဝယ်ယူစား‌သောက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ နှင့် မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် မြိတ်ရှော့ပင်းစင်တာရှိ Mistine အလှကုန်ပစ္စည်းများအားကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

          အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက် အပါအဝင် အစားအသောက်များရွေးချယ်ဝယ်ယူစားသောက်ရာတွင် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနထောက်ခံချက်ရရှိထားသော စားသောက်ကုန်နှင့် မြန်မာဘာသာ ဖြင့်ဖော်ပြထားသော စားသောက်ကုန်များသာရွေးချယ်ဝယ်ယူရန်၊ စားသုံးသူထိခိုက်နစ်နာမှုရှိခဲ့ပါ က စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားရန်၊ စားသောက်ကုန်များအား သက်တမ်းကုန်ဆုံးရက် ကြည့်ရန်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို ရေဖြင့်သေချာစွာဆေးကြောပြီးမှစားရန်၊ ပလတ် စတစ်အိတ်များအား အပူဖြင့်ထည့်၍ မစားသောက်ရန်နှင့် ဆိုးဆေးအန္တရာယ်များအား ဟောပြော ပို့ချခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသောက်နိုင်ရန် ကျောင်းပတ် ဝန်းကျင်ရှိ မုန့်စျေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး မွန်းလွဲ(၂း၀၀)အချိန်တွင် Mistine အလှကုန် ပစ္စည်းများ အတုအပမရှိစေရေး၊ တရားမဝင်တင်သွင်းထားခြင်းမရှိစေရေးအတွက် မြိတ်ရှော့ပင်းစင် တာသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)