မင်းပြားမြို့ မင်းဘာကြီးရပ်ကွက် အ.လ.က(ခွဲ) စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး‌ဟောပြောခြင်း

Powered by Drupal

           ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မင်းပြားမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း (ဒု.ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် (၉-၈-၂၀၂၂) ရက် နေ့လယ် (၂:၀၀) နာရီ အချိန်တွင် မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်ရှိ အ.လ.က (ခွဲ) စာသင်ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၁၂၀) ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး‌ဟောပြော ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ‌ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း (ဒု.ဦးစီးမှူး) မှ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအား မိမိဌာနမှဦးဆောင်ပြီး မိတ်ဖက်ဌာနအဖွဲ့အစည်းများဖြင့် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားခြင်း၊ ဆက်လက်၍ ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုနှင့် ပတ်သက်၍ ချပြဆွေးနွေးပြီး မိမိဌာနတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိခြင်းအား အကျယ်တဝင့်ချပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး တက်‌ရောက်လာသည့် ကျောင်းသား/သူများအား ဘောပင်များလက်ဆောင်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA (ရခိုင်)