မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် အောင်သာယာဈေး ကုန်မျိုးစုံဆိုင်များအား  ကွင်းဆင်းစစ်ဆေး

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် (၉.၈.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့နယ် အောင်သာယာဈေးအတွင်းရှိ ကုန်မျိုးစုံ ဆိုင်များတွင် ပုဇွန်နှစ်ကောင် တံဆိပ်စားသုံးဆီများဈေးကွက်အတွင်း ရောင်းချနေခြင်းရှိ/မရှိကွင်း ဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးမှ အောင်သပြေဈေးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့တင်သွင်းလာသည့် စားသုံးဆီများသတ်မှတ်အရည်အသွေးပြည့်မီပြီး၊ ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများသုံးစွဲနိုင်ရေးအတွက် ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်ပေါ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက် လျှက်ရှိရာ နယ်စပ်လမ်းကြောင်းမှ တရားမဝင် ဝင်ရောက်နေသော ပုဇွန်နှစ်ကောင် တံဆိပ်စားသုံး ဆီ အပါအဝင် စားသုံးဆီပုံးများ ဈေးအတွင်းရောင်းချနေမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ တရားဝင်တင်သွင်း ဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီများကို ကော်မတီမှ အပတ်စဉ်ထုတ်ပြန်ကြေငြာလျှက်ရှိသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် ဒေသအလိုက်သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ရောင်းချကြရန် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ကြရန် လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား အသိပေးပြောကြား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)