ကျိုင်းတုံမြို့ရှိ ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၂ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း )၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် ကျိုင်းတုံမြို့မဈေးအတွင်းရှိ ဆေးဝါးအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ၎င်းအဖွဲ့ဝင်များအနေဖြင့် ဆေးဝါးပစ္စည်းများပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/မရှိ၊ ဆေးဝါးအရောင်းဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ဆေးဝါးပစ္စည်းများနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ပိတ်ပင်ထားသော ဆေးပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချ ခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံ တင်အမှတ်၊ Import Resgistration NO.(IR) များ ဖော်ပြထားသောဆေးပစ္စည်းများကိုသာ ဈေးကွက်အတွင်း ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ ‘‘စီးပွားရေးလုပ်ငန်းရှင်၏တာဝန် များ”အား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

DOCA(ရှမ်း)