မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ကုန်မျိုးစုံဆိုင်များတွင် တရားမဝင်ကုန်ပစ္စည်းများ ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး ဦးဇော်လင်းအောင်(ခရိုင်ဦးစီးမှူး)စားသုံးသူရေးရာဦးစီးဌာနနှင့်မိတ်ဖက်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် (၁၂.၈.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)အချိန်က မြောင်းမြမြို့နယ်အတွင်းရှိ ကုန်မျိုးစုံရောင်းချနေသောဆိုင်များသို့ နယ်စပ်လမ်းကြောင်းမှ တရားမဝင်တင်သွင်းလာသော စားသုံးဆီများရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တရားမဝင်ကုန်သွယ်မှုလျော့နည်းပပျောက်စေရန်နှင့်ကုန်မျိုးစုံရောင်းချနေသော ဆိုင်များတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်တွင်းသို့တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေးပြည့်မီပြီး ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများသုံးစွဲနိုင်ရေးအတွက် ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်ပေါ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်လျှက်ရှိရာ နယ်စပ်လမ်းကြောင်းမှ တရားမဝင်ဝင်ရောက်နေသော ပုဇွန်နှစ်ကောင်တံဆိပ်စားသုံးဆီအပါအဝင် စားသုံးဆီပုံးများ ဈေးကွက်အတွင်း ရောင်ချနေမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ တရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် စားအုန််းဆီများကို ကော်မတီမှအပတ်စဉ်ထုတ်ပြန်ကြေငြာလျှက်ရှိသည့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဒေသအလိုက် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထည့်ပေါင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်ရောင်းချကြရန်၊ ဆိုင်ပိုင်ရှင်များသို့ ရှင်းလင်းဆွေးနွေးပြီး၊စစ်ဆေးမှုကို အပတ်စဉ်လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်ပစ္စည်းနှင့်စားသုံးဆီများရောင်းချနေမှုများ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရဖမ်းဆီးစစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)