လက်လီ/လက်ကားကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုန်းသည် ၁၅.၈.၂၀၂၂ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ ရပ်ကွက်(၂)၊ နောင်တာလောကျေးရွာရှိ ကုန်စုံဆိုင်များသို့ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် အသင့်စားမုန့်ဖြစ်သည့် နေခြည်အမှတ်တံဆိပ် အာလူးအစုံကြော်(ရှယ်စပ်) နှင့် KOKO NYINYI (နှမ်းကပ်မုန့်သြဇာ)တို့တွင်  စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်ဖြစ်သည့် ကုန်အညွန်းအမှတ်အသားများ မြန်မာဘာသာနှင့်ဖော်ပြရာတွင်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ပြည့်စုံစွာဖော်ပြထားရှိခြင်း ရှိ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

DOCA (ကချင်)