ဖျာပုံမြို့ရှိ အလှကုန်ရောင်းချသည့် စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများသည် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းနှင့်အတူ ဩဂုတ်လ(၁၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် အလှကုန်ရောင်းချသည့် စတိုးဆိုင်များအား စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအရပြည် တွင်းရှိ ထုတ်လုပ်သော ကုန်စည်များပြည်ပမှ တင်သွင်းသောကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ်ဈေးကွက်ရောက်ပြီးကုန်စည်များ ဘေးအန္တရာယ်ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာစာသားဖြင့် ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါဆိုင်များအား စစ်ဆေးရာတွင် ပထမလမ်းရှိ စတိုးဆိုင်၌ MOIST အမှတ်တံဆိပ်ဖြင့်  SUNSCREEN မျက်နှာနှင့်ခန္ဒာကိုယ်တွင်အသုံးပြုနိုင်သောနေလောင်ခံနို့ရည်/ခရင်(မ်))ဘူးပေါ်တွင် မြန်မာစာသားမပါရှိဘဲ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ကိုရီးယားဘာသာစာသားဖြင့်ဖော်ပြ ထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူပြည်သူများ တစ်စုံတစ်ရာအန္တရာယ် မဖြစ်စေရေး ပူးပေါင်းပါဝင်လိုက်နာ ဆောင်ရွက်ပေးရန် အသိပညာပေးခဲ့ပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီသို့တင်ပြ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)