ကြံခင်းမြို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တာဝန်ခံသည် မြို့မဈေးကြီးရှိ အလှကုန်ပစ္စည်းအ ရောင်းဆိုင်များအား (၁၅.၈.၂၀၂၂)ရက်နေ့ နေ့လယ် (၁၀:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော Mistine အလှကုန်ပစ္စည်းများတွင် Hologram(ရောင်ပြန်)စတစ်ကာနှင့် မြန်မာစာ Labelling ကပ်နိုင်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တရားဝင်တင်သွင်းလာသည့် အလှကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ကုန်မျိုး စုံဆိုင်(၃)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)