ညောင်တုန်းမြို့ ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၅.၈.၂၀၂၂) နေ့တွင် ညောင်တုန်းမြို့နယ် ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

     အဆိုပါဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်တာဝန်များ၊ အခန်း(၁၅)ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု လုံခြုံ စိတ်ချရမှုအကြောင်း၊ အခန်း(၁၇)ပါ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု အချက်များ အကြောင်း၊ အခန်း(၁၉)ပါ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းများအကြောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းများ၊ တားမြစ်ချက် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

         ဆက်လက်၍ စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် အရောင်း ဆိုင်များအနေဖြင့် မြို့နယ်အတွင်း သတ်မှတ်ထားသော ဈေးနှုန်းအတိုင်းရောင်းချရေး၊ စားသုံးဆီအရည်အသွေးနှင့် အလေးအချိန်အတွယ် ပြည်ဝမှန်ကန်မှုရှိစေရေး ဟောပြောဆွေးနွေးပြီး စားသုံးဆီလုပ်ငန်းရှင်များမှ သိလို သည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆီလုပ်ငန်းရှင် (၉)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)