မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွာလယ်ရပ်ကွက် အထက(၂)ကျောင်း စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

      ဧရာဝတီတိုင်း‌ဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုးသည်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၇.၈.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင်  ဝါးခယ်မမြို့နယ် ရွာလယ်ရပ်ကွက် အထက(၂)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုးမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ လုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ၊ ဆောင်ရွက် ချက်များအား ရှင်းလင်းဆွေးနွေးပြီး၊ ကျောင်းသား/ကျောင်းသူများ မှတ်မိလွယ်စေသော အစားအသောက်နှင့်ပတ်သက်၍ စားသုံးရန်မသင့်သော အစားအသောက်များအကြောင်း ဓါတုဆိုးဆေးများ လွန်ကဲစွာအသုံးပြုထားသော အစားအသောက်များစားသုံးမိပါက ကျန်းမာရေးဆိုင်ရာဆိုးကျိုး များအကြောင်း အသေးစိတ်ဟောပြောခဲ့ပါသည်၊ ထို့နောက်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)(ဆ)တို့ပါ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များကို သိရှိနားလည်သဘောပေါက်လွယ်စေရန် ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းသို့ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ပါသည်။ အဆိုပါ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ (၃၄)ဦး၊ ကျောင်းသား/သူ(၂၈၀)ဦး၊ စုစုပေါင်း(၃၁၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)