ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ခရိုင်စားသုံးသူရေးရာ ကော်မတီအစည်းအဝေး ကို မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်၊၊
အစည်းအဝေးတွင် မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူကာကွယ် ရေးလုပ်ငန်းများဆိုသည်မှာ ကုန်စည်ဝယ်ယူမှုများသာဟုတ်ဘဲ ဝန်ဆောင်မှုလုပ်ငန်းများသာ ပါဝင်ပါ ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မူလသဘောတူညီ ချက်များအတိုင်း ဝန်ဆောင်မှုပေးအပ်ခြင်းများ မရှိခြင်းကြောင့် စားသုံးသူများနစ်နာရသည်များ ရှိပါ ကြောင်း၊ စားသုံးသူများကလည်း နစ်နာမှုများအပေါ် စားသုံးသူအခွင့်အရေးများအတိုင်း တောင်းဆို တတ်ခြင်းမရှိသောကြောင့် စားသုံးသူနစ်နာမှုများ ရှိပါကြောင်း ၊ သို့ဖြစ်၍ စားသုံးသူအခွင့်အရေးများ ရရှိနိုင်စေရေး၊ စားသုံးသူနှင့်လုပ်ငန်းရှင်များအကြား အငြင်းပွားမှု လျော့နည်းစေရေး၊ အငြင်းပွားမှုများ အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက ထိရောက်စွာဖြေရှင်းဆောင်ရွက်သွားရန်နှင့် စားသုံးသူကာကွယ် ရေး လုပ်ငန်းများသည် လူတိုင်းနှင့် သက်ဆိုင်သည့်အတွက် သက်ဆိုင်ဆက်နွယ်သည့် ဌာနများအနေ ဖြင့် မိမိတို့ သက်ဆိုင်သည့် အခန်းကဏ္ဍမှပါဝင်၍ အားလုံးကြိုးစားဆောင်ရွက်သွားကြရန် ပြောကြား ပါသည်၊၊
ထို့နောက် မြဝတီခရိုင်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုုးဝင်းနိုင်က စားသုံးသူကာကွယ်ရေး ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဌာန၏ မျှော်မှန်း ချက် ၊ ရည်မှန်းချက်၊ ပြည်နယ်/ခရိုင်စားသုံးသူရေးရာကော်မတီဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ စပ်လျဉ်း၍ သုံးလပတ်အလိုက် လုပ်ငန်းလျာထား ချက်နှင့် မိတ်ဘက်ဌာနများနှင့်ပေါင်းစပ်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ စားသုံးသူအငြင်းပွားမှုများနှင့် ပတ်သက်၍ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ ဖွင့်လှစ်ဆောင်ရွက်ထားမှုနှင့် Consumer Call Center Hot Line No 1535 ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။
ထို့နောက် ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ်တက်ရောက်လာကြသော ခရိုင်စားသုံးသူရေး ရာ ကော်မတီဝင်များ၊ ဖိတ်ကြားထားသော စပ်ဆက်ဌာနများက လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ ၍ ဆွေးနွေးချက်များမှ အစည်းအဝေးဆုံးဖြတ်ချက် (၇) ချက် ချမှတ်ခဲ့ပြီး ခရိုင်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ၁၃၀၀ နာရီတွင် ရုတ်သိမ်းခဲ့ ကြောင်း သိရသည်။
DOCA(ကရင်)