
ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅) ကို ၇-၈-၂၀၂၅ ရက် (ကြာသပတေးနေ့)၊ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ကရင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ ဦးစောခင်မောင်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ ဦးစောခင်မောင်မြင့် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာနမှ တာဝန်ယူ ဆောင်ရွက် လျက်ရှိသော လုပ်ငန်းစဉ်များ၊ ဌာန၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ ယခင်လ အစည်းအဝေး ဆုံးဖြတ်ချက်များမှ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို အမှာစာ နှင့်တကွ တင်ပြ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက စားသုံးသူကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းဆွေးနွေးခဲ့ရာ ကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ပြီး အစည်းအဝေးကို (၁၅:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဝင် (၈) ဦး တက်ရောက် ခဲ့ပြီး စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက် (၁၃) ချက် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
DOCA(ကရင်)