နွားထိုးကြီးမြို့နယ်၊ ငါန်းဇွန်မြို့နယ်နှင့် ညောင်ဦးမြို့နယ်များအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

Powered by Drupal

             မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ငါန်းဇွန်မြို့နယ်နှင့်ညောင်ဦးမြို့ နယ်များအတွင်းရှိ ဖွင့်လှစ်ရောင်းချလျှက်ရှိသော လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား သက်ဆိုင်ရာမြို့နယ်များရှိ ဌာနစုံပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

          နွားထိုးကြီးမြို့နယ်တွင်(၁၄.၈.၂၀၂၂)ရက်နေ့ နံနက် ၁၁:၃၀နာရီအချိန်၌ မြို့နယ်စီမ်အုပ်ချုပ် ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးမှူးနှင့်စားသုံးသူရေးရာဦးစီးဌာန၊နွားထိုးကြီးမြို့ နယ်တာဝန်ခံ ဦးသန်းအေး စသည်တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း ရှိစက်သုံး ဆီအရောင်းဆိုင်များသို့လည်းကောင်း၊ငါန်းဇွန်မြို့နယ်တွင်(၁၄.၈.၂၀၂၂) ရက်နေ့ နေ့လယ်  (၁၃:၃၀) နာရီ အချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးမှူး ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊စားသုံးသူရေးရာဦးစီးဌာန၊ငါန်းဇွန်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေ နှင့် ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအားလည်းကောင်း၊ညောင်ဦးမြို့ နယ်တွင် (၁၅.၈.၂၀၂၂)ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်၌ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊စားသုံးသူရေးရာဦးစီး ဌာန၊ညောင်ဦးမြို့နယ်တာဝန်ခံ ဦးတင်မျိုးခိုင် နှင့် ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိစက်သုံးဆီအရောင်းဆိုင်များသို့လည်းကောင်း အသီးသီးကွင်းဆင်း၍ စက်သုံးဆီဈေးနှုန်းများ မှန်ကန်စွာ ရောင်းချစေရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဆီပြတ်လပ်သည်ဟုပြောဆိုကာ ရောင်းချမှု ရပ်တန့်ထားခြင်းများ၊ အကန့်အသတ်ဖြင့်ရောင်းချခြင်းများ မရှိစေရေးနှင့်ဆီလက်ကျန်အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)