ပေါင်မြို့နယ်တွင် ဈေးကွက်‌စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

           မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် ၁၈.၈.၂၀၂၂ ရက်နေ့တွင် ပေါင်မြို့နယ်၊ ပေါင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ ပေါင်မြို့နယ် ပေါင်ရပ်ကွက် လမ်းဘေးဝဲ/ယာရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်အပါအဝင် ဆိုင်ပေါင်း(၁၂)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။   

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် အဆိုပါဆိုင်များ၌ ရောင်းချနေသော ကုန်ပစ္စည်းအလိုက် စားသုံးရန်သင့်/မသင့်၊ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ‌ရေးသားဖော်ပြခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)