
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဥပဒေရေးရာဝန်ကြီးဌာန ၊ ဥပဒေအသိပညာ ပြန့်ပွားရေး ဦးစီးဌာနမှ ကြီးမှူ၍ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခမ်မတွင် ဥပဒေအသိပညာပြန့်ပွာရေးဆရာဖြစ်သင်တန်း Training Of Trainer သင်တန်းကို ၂၁-၇-၂၀၂၅ ရက်နေ့မှ ၂၅-၇-၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါ သင်တန်းသို့ မန္တလေးမြို့ရှိ တက္ကသိုလ်များမှ ဆရာ /ဆရာမများနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ သင်တန်းသား /သင်တန်းသူ (၆၂)ဦး တက်ရောက်မည်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး စားသုံးသူ ရေးရာဦးစီးဌာနမှ ဒေါ်အေးငြိမ်းစံ (ဦးစီးအရာရှိ)၊ ဒေါ်မေသက်ထွန်း (ဦးစီးအရာရှိ) နှင့် ဦးတင်ချစ်ကောင်း(ဦးစီးအရာရှိ)တို့တက်ရောက်နေပါသည်။၎င်းသင်တန်းဖွင့်ပွဲကို ၂၁-၇-၂၀၂၅ ရက် တနင်္လာနေ့နံနက် ပိုင်းတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)