ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင် (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၈-၈-၂၀၂၂)ရက်နေ့ နေ့လယ် (၂:၀၀)အချိန်တွင် စစ်တွေမြို့ လမ်းမတော်မြောက်ရပ်ကွက် အမှတ်(၂၀)အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စစ်တွေမြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဆောင်ရွက်ပေးနေသည့် အကြောင်းအရာများအားလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် ပတ်သက်၍လည်းကောင်း၊ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား အဓိကဦးစားပေးဖတ်ရူ သင့်ကြောင်း စားသောက်ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် သက်တမ်းလွန်စားသောက်ကုန်များနှင့် ဓာတု ဆိုးဆေးများ အသုံးပြုထားသော စားသောက်ကုန်ပစ္စည်းများကို ရှောင်ရှားဝယ်ယူ အသုံးပြုကြရန် အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား/သူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရခိုင်)