စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

           ရခိုင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ဂွမြို့နယ်မှ ဦးဇော်လေးနိုင်(ဒု-ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် (၂၂-၈-၂၀၂၂)ရက်နေ့၊ နေ့လည်(၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဟောပြောပွဲသို့ တက်ရောက် ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ဦးဇော်လေးနိုင်(ဒု-ကြီးကြပ်ရေးမှူး)မှ စားသုံးသူကာကွယ်ရေး ဉပဒေပါ အခန်း(၉)၊ ပုဒ်မ(၁၉)နှင့် ပုဒ်မ(၂၀)တို့တွင်ပါဝင်သည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အား ချပြဆွေးနွေးပြီး ဉပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)နှင့်(၄၃)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖော်ပြထားပြီး ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ ဖော်ပြပါရှိသော မုန့်ပဲသရေစာများကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ရေခဲထုပ်၊ အချိုရည်၊ ဂျယ်လီ၊ သကြားလုံးစသည့် အချိုလွန်မုန့်ပဲသရေစာများကြောင့် ချောင်းဆိုး၊ ရင်ကြပ်၊ သွားနာ၊သွားကိုက်၊ သွားပိုးစားခြင်းစသည့် လတ်တလောရောဂါများဖြစ်ပွားနိုင်၍ ရှောင်ကြည်ကြရန် လိုအပ်ပါကြောင်းစသည့်ဖြင့် အသေးစိတ်ဟောပြောဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)