ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေထွက်ပစ္စည်းမွေးမြူထားရှိမှုနှင့် ပြည်တွင်း/ ပြည်ပဈေးကွက်တင်ပို့မှု

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်/စပါး အများဆုံး စိုက်ပျိုး ထုတ်လုပ်လျှက်ရှိသော တိုင်းကြီးတစ်ခုဖြစ်သည့် အပြင် မွေးမြူရေးကဏ္ဍမှာလည်း ပြည်တွင်း စားသုံးမှု့ဖူလုံစေရန် သာမက ပိုလျှံသည့် ရေထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပသို့ တင်ပို့၍ ပြည်ပဝင် ငွေရှာဖွေပေးနေသော စီးပွားရေးလုပ်ငန်းတစ်ခု အဖြစ် လုပ်ကိုင်လျှက်ရှိပြီး ပုသိမ်ခရိုင်၊မအူပင်ခရိုင်၊ လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်အတွင်း မြို့နယ်များရှိ ပင်လယ်နှင့် နီးကပ်လျှက်ရှိသော မြို့နယ်ကျေးရွာများတွင် အဓိကမွေးမြူလျက်ရှိသော ကျားပုဇွန်၊ ရေငန် ပုဇွန်၊ရေချိုပုဇွန်ထုပ်၊ ရေချိုပုဇွန်ထုပ်ကြီး၊ ပုဇွန်မီးနီနှင့် လပွတ္တာမြို့နယ်တွင် ရွံ့ဂဏန်းများ မွေးမြူလျက်ရှိကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

       ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်မှာ ကုမ္ပဏီ/လုပ်ငန်းရှင် ၃၁၁ ဦးမှ ကန်အရေအတွက် ၁၂၃၅ကန်နှင့် ဧရိယာ ၁၆၈၀၁ .၇၅ဧကတွင် ပုဇွန်အ‌ကောင်ရေ ၁၃၆၅၈၉၇၉၈ နှင့် ကုမ္ပဏီ/လုပ်ငန်းရှင် ၁၈ ဦးမှ ကန်အရေအတွက် ၆၇ ကန်နှင့် ဧရိယာ ၅၀၈ .၇၁ ဧကတွင် ရွှံဂဏန်း အကောင်ရေ ၁၁၈၈၂၀၀၀ မွေးမြူထားရှိကြောင်း အဆိုပါရုံးမှ သိရသည်။

        ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်း ဧရာဝတီတိုင်းဒေသကြီးမှ ပြည်တွင်းဈေးကွက် ရန်ကုန်သို့ ငါးမြစ်ချင်း ၂၅၅၉၆၈ ပိဿာ၊ ပြည်ပသို့ ၁၃၄၇၂ ပိဿာ၊ ရန်ကုန်သို့ ငါးတန်၁၂၇၉၈၄ ပိဿာ၊ ပြည်ပ သို့ ၆၇၃၆ ပိဿာ၊ ရန်ကုန်သို့ ဂဏန်း ၆၆၂၆၂ ပိဿာ၊ ပြည်ပသို့ ၃၄၈၇ ပိဿာ၊ရန်ကုန်သို့ ပုဇွန်(ရေချို) ၆၀၂၃၅ ပိဿာ၊ ပြည်ပသို့ ၃၁၇၀ ပိဿာ ရန်ကုန်သို့ပုဇွန်(ရေငန်) ၁၃၀၁၁၈ ပိဿာ၊ ပြည်ပသို့ ၁၅၈၅ပိဿာ တင်ပို့နိုင်ခဲ့ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

DOCA(ဧရာဝတီ)