စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် မအူပင်မြို့ပေါ်ရှိ ဆီကုန်သည်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးတို့သည် (၂၂.၈.၂၀၂၂) နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်(၅)ဦးအား စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် တွေ့ဆုံ၍ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စားအုန်းဆီ လက်လီ/လက်ကားရောင်းချသူ ဆီကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် တင်သွင်းလာသည့် စားသုံးဆီများ အရည်အသွေးပြည့်မီရေးနှင့် ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများသုံးစွဲနိုင်ရေးအတွက် သယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူးရာတွင် Good Grade ပေပါများ၊ Trankများ အသုံးပြုရေး စားသုံးသူရေးရာဦးစီးဌာန၊ (ရုံးချုပ်)၏ ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုမ္ပဏီများမှ ဖြန့်ဖြူးသော စားအုန်းဆီလက်ခံရရှမှု အခြေအနေ၊ ရည်ညွှန်းဈေးဖြင့် ပြန်လည်ရောင်းချမှု အခြေအနေနှင့် သယ်ယူမှုအခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)