လက်ပံတန်း မုန့်ဈေးတန်းစစ်ဆေးခြင်း

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများ ၊ မြို့နယ်ကျန်းမာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ ကျောင်းကျန်းမာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့သည် (၂၂.၈.၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့ (အ.ထ.က ၁) ကျောင်းမုန့်ဈေးတန်းသို့ သွားရောက် စစ်ဆေးခဲ့ပါသည်။

          ထို့သိုစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော မြန်မာစာတန်းမပါသော ၊ သတ်မှတ် ထုတ်ကုန်ကုန်ဆုံးရက်မပါသော မုန့်များအား ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေး ဉပဒေ အခန်း ၁၈ ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ပါဝင်ရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သတင်းအပတ် စဉ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)