လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ဆွေးနွေးဟောပြောခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်း ကုန်စည်ထုတ်လုပ် ဖြန့်ဖြူရောင်းချနေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာဖော်ပြပါရှိစေရန် ရည်ရွယ်၍ ခရိုင်ဦးစီးမှူးရုံး၌ (၂၂.၈.၂၀၂၂) နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ကုန်စည်ထုတ်လုပ်ဖြန့်ဖြူရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား များဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ခရိုင်ဦးစီးမှူး ဦးအောင်သိန်းမှ ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ စားသုံး /ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီမှ စားသုံးသူကာကွယ်ရေးဉပဒေပါ အခန်း (၁၈) ပုဒ်မ (၄၁) အရ ကုန်စည်အမျိုးအစားအလိုက် သိသာထင်ရှားစွာဖော်ပြရမည့် အချက်(၇) ချက်နှင့် မြန်မာနိုင်ငံ စားသုံးသူ ကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ မတူညီသော ကုန်စည်အမျိုးအစားပေါ် မူတည်ပြီး အဓိက ပါဝင်ရမည့် အချက်များကို မဖြစ်မနေဖော်ပြရန်၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူ ကာကွယ်ရေးဉပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ ကို သိရှိလိုက်နာစေရန်နှင့် အခြေခံ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိခြင်းကြောင့် စားသုံးသူများဝယ်ယူသုံးစွဲရာ၌ သတင်းအချက်အလက်များ ပြည့်စုံစွာပေးနိုင်မည်ဖြစ်ပါကြောင်း၊ စားသုံး သူကာကွယ်ရေး ဉပဒေ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် အခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရန် အသိပညာပေး ဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)