ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ကြီးကြပ်မှုဖြင့် ပဲခူးတိုင်းဒေသကြီး အနောက် ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဆန်တပြည်လျှင် ၁၆၀၀ ကျပ်ဖြင့် ၁၆.၈.၂၀၂၂ ရက်နေ့ နံနက်ပိုင်း အချိန်မှစတင်၍ ရောင်းချပေးလျှက်ရှိကြောင်း သိရှိရပါသည်။
ဈေးကွက်အတွင်း ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ နတ်တလင်းမြို့ ဒေသခံ ပြည်သူများနှင့် ဇီးကုန်းမြို့ဒေသခံပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဆန်များ ဝယ်ယူစား သုံးနိုင်စေရန်အတွက် ဆန်တပြည်လျှင် ၁၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနိုင်ရေးအတွက် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့ပေါ် ၄ ရပ်ကွက် ၊ မြို့နယ်စည်ပင်သာယာ ဈေးနှင့် မြို့ပေါ် ၅ ရပ်ကွက် လမ်းသွယ် အသီးသီးရှိ အခြေခံလူတန်းစားများ ဝယ်ယူစားသုံးနိုင်ရန် လူတစ်ဦးလျှင် ဆန် ၂ ပြည်နှုန်းဖြင့် ဆန်အိတ်ပေါင်း ၁၀၀ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)