ပေါင်းတည်မြို့နယ်ရှိ ကြက်သွန်နီဈေးနှုန်း

Powered by Drupal

          ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီမှာ ဈေးဆက် လက်မြင့်တက်လာခဲ့ပါသည်။ ကြက်သွန်နီများ အဝယ်လိုက်နေသဖြင့် ဈေးနှုန်းမြင့်တက်လာသည်ဟု ပေါင်းတည်မြို့ရှိ ကြက်သွန်နီပွဲရုံမှ သိရှိရပါသည်။ ဩဂုတ်လ ပထမပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ (အကြီး) တစ်ပိဿာလျှင် ၂၂၀၀ကျပ် နှင့် (အသေး) တစ်ပိဿာလျှင် ၁၈၀၀ကျပ်ဖြင့် ရောင်းချခဲ့ပါသည်။ ယခုဩဂုတ်လ တတိယပတ်တွင် ကြက်သွန်နီဥ (အကြီး) တစ်ပိဿာလျှင် ၂၆၀၀ကျပ်နှင့် (အသေး) တစ်ပိဿာလျှင် ၂၁၅၀ကျပ်ဖြင့် ဈေးမြင့်တက်သွားပါသည်။

DOCA(ပဲခူး)