ပန်းတောင်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချ

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၁၉.၈.၂၀၂၂)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များ ရောင်းချ ပေးလျှက်ရှိပါသည်။ ပြည်သူများနေ့စဉ် စားသုံးမှုအဆင်ပြေစေရေးအတွက် ပဲခူးတိုင်း ဒေသကြီး၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် ဆန်စက်လုပ်ငန်းရှင်နှင့် ဆန်ကုန်သည်ကြီးများအသင်းမှ ညှိနှိုင်း၍ စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းပြီး အခြေခံ လူတန်းစားများသို့ ဆန်များရောင်းချပေးလျှက်ရှိပါသည်။

             ပန်းတောင်းမြို့နယ်အနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား မနောသုခ ဆန် တစ်ပြည်လျှင် သက်သာဈေးနှုန်းဖြစ်သော (၁၆၀၀)ကျပ်ဖြင့် ရောင်းချပေးလျှက်ရှိပါသည်။ ထိုသို့ရောင်းချပေးရာတွင် ဆင်တဲအုပ်စုသို့ ဆန်အိတ် (၃၅)အိတ်၊ သရက်လိန် အုပ်စုတွင် (၂၀)အိတ်တို့ဖြင့် ရောင်းချပေးခဲ့ပြီး၊ မြို့ပေါ်ရပ်ကွက်ဖြစ်သော ကြခတ်ရပ်ကွက်တွင် (၅)အိတ်၊ မင်းရပ် ရပ်ကွက်တွင် (၅)အိတ်၊ ဖောင်းကန်ရပ်ကွက်တွင် (၅)အိတ်၊ ဝန်လိုရပ်ကွက်တွင် (၅)အိတ်၊ စည်သာရပ်ကွက်တွင် (၁၆)အိတ်နှင့် ဘောင်ဘွေအုပ်စုတွင် (၉)အိတ်ဖြင့် စုစုပေါင်း ဆန်အိတ် (၁၀၀)အား ရောင်းချပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)