ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး ၊  ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်၊ သုံးခွကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ သြဂုတ် ၁၉ ရက် နံနက် ၁၁:၀၀ နာရီအချိန်က စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး သင်တန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါ အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အရာရှိဦးအောင်မြင့်ထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးမြင့် ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးစိုးသန်း၊ စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်သိန်းနိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးရဲနိုင်နှင့် ကျေးလက်လမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်နွယ်နီထွန်းတို့ တက်ရောက်၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသော တောင်သူကြီးများ၏ သိလိုသည်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)