ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် သြဂုတ်လ ၂၃ ရက် မွန်းလွှဲ (၁) နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီး ဌာနနှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) ဆန်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများအား ဆန်တပြည်လျှင် (၁၆၀၀) ကျပ်နှုန်းဖြင့် လိုက်လံရောင်းချပေးလျှက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ရောင်းချပေးရာတွင် တစ်အိမ်ထောင်လျှင် ဆန် (၂) ပြည်နှုန်းဖြင့် ညောင်လေးပင်မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချပေးလျှက်ရှိပြီး ကျန်ရှိနေသော ရပ်ကွက်များသို့လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဆန်များ လိုက်လံရောင်းချပေးခြင်းကို မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)