ဒိုက်ဦးမြို့နယ်တွင် အသိပညာပေး ဟောပြောပွဲ ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ်တွင် သြဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မဟာဝိဇိတာရာမ အလံပြ ဘုန်းတော်ကြီးကျောင်း အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ အသိပညာ ပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေသက်အောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သိသင့်သိထိုက်သော ဗဟုသုတရဖွယ် အကြောင်းအရာများအား ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေး ဉပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များအား အသိပညာပေး ရှင်းလင်း ပြောကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          ထို့နောက် အခမ်းအနားသို့တက်‌ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယ ဦးစီးမှူး ဒေါ်အေးအေးစိုးက ပုံပြင်များပြောပြခဲ့ပြီး ကိုယ်လက်လှုပ်ရှားအားကစားများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)