ရွှေဘိုမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း ရေးအတွက် ခရိုင်ကျန်းမာရေးဦးစီးဌာနအနေနှင့် ပူးပေါင်း၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၂၄)ရက်နေ့ (၁၄:၃၀)နာရီ အချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်၊ စည်ပင်တိုက်တန်းရှိ ဇီဝက (ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်)အား ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆေးဝါးရောင်းချခွင့် လိုင်စင်အသစ်လျှောက်ထားသဖြင့် လိုင်စင်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ စံမညီဆေးဝါးများ၊ တားမြစ်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

       ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုင်စင်အသစ် လျှောက်ထားရာတွင် လိုအပ်သည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊  တားမြစ်ဆေးဝါး များ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခြင်းနှင့် ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်း ထုတ်ပြန်ထားသည့် စံမညီဆေးဝါးများ(၁၀)မျိုး ရောင်းချခြင်းရှိ/မရှိ ပူးပေါင်းစစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ပြီး ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀ဖြင့် Covid-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန် ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကို တားမြစ်သည့် အမိန့်ကြော်ငြာစာ ကိုလည်းကောင်း၊ ကြော်ငြာစာ အမှတ်၊ ၂၁/၂၀၂၀ဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ(ခ)အရ အထက်ပါတားမြစ်ထားသည့် ကုန်စည်များကို တင်သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နှင့်စပ်လျဉ်း၍ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခွင့်ကို စားသုံးသူရေးရာဦးစီးဌာနအား အခွင့်အာဏာ အပ်နှင်းထားကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေး အသိပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေ၍ ဆေးမှာယူရောင်းချသည့်အခြေအနေများ၊ ဆေးဈေးနှုန်းနှင့် လက်ကျန်အခြေအနေ မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)