ပြည်မြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၈.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ပြည်မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီသို့ ဆေးဆိုင်လိုင်စင်အသစ် လျှောက်ထားလာသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆေးဆိုင်လိုင်စင် လျှောက်ထားသော မြို့ပေါ်ဆေးဆိုင် (၁၆)ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

        ပြည်မြို့နယ်ရှိ မြို့ပေါ်ဆေးဆိုင်များသို့ သွားရောက်စစ်ဆေးရာ ဆေးပစ္စည်းများ စနစ်တကျ ထားသိုသိမ်းဆည်းမှုရှိစေရေးနှင့် ဌာန၏စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း (၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ခြင်းများအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)