ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်ဆန္ဒမွန် သည် 29.8.2022 ရက်နေ့ နံနက် ၁၁:၃၀ နာရီအချိန်တွင် ဗန်းမော်မြို့၊ ကန်တော်ရပ်ကွက်ရှိ ကုန်စုံဆိုင်နှင့် စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ပါပြဌာန်းချက်နှင့် ကိုက်ညီမှုရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင်Geryအမှတ်တံဆိပ်ချိစ်မုန့်ကြွပ်ပေါ်တွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက် စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိခြင်း ရှိ မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
DOCA(ကချင်)