စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

       ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး)သည် 27.8.2022 ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ဆရာ/မ များနှင့် ကျောင်းသား/သူများအား စားသုံးသူကာကွယ်‌ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် ‌ ဒေါ်နှောင်းနှောင်းဝင်း(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓါပ္ပာယ်ဖော်ပြချက်များမှ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့်အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေး လုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု အတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်းရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြု ခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သိုမဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် ကျောင်းသား/သူများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိကဖတ်ရှုရမည်ဖြစ်ပြီး နမူနာပစ္စည်း များဖြင့်ခင်းကျင်းပြသကာ ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက် ဆရာ/မများနှင့်အတူ ကျောင်းမုန့် ဈေးဆိုင်များအား ဘေးအန္တရာယ်ရှိသည့် စားသောက်ကုန်များ‌ရောင်းချခြင်းရှိ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/မ(၅)ဦးနှင့် ကျောင်းသား/သူ (၅၅)ဦး၊ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)